သတင်းများ

ကော့သောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေး
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မိမိတို့ဖြေဆိုမည့် စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရသံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုပူဇော်
Mar 29,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော အထူးပင့်သံဃာတော်များနှင့် ဘွဲ့တံဆိပ်တော်ရသံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဆောင်ရွက်ပြီးစီး
Mar 29,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ဖြင့် ကျေးရွာအုပ်စု(၃)အုပ် စုရှိကျေးရွာ(၃)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ရွာသစ်ကုန်းကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်စက်မှုဇုန် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 29,2022
မွန်ပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတက်စေရေး၊ ဒေသထွက် စက်မှု၊ လက်မှု ပစ္စည်း များ၊ ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ရေး၊ စက်မှုဇုန်များနှင့် စက်ရုံစုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မော်လမြိုင်စက်မှုဇုန် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံ ခွဲရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများကရင်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်ရွက်
Mar 29,2022
 ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီအခြေခံပန်းချီသင်တန်းဖွင့်လှစ်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားသော ကလေးငယ်များ အခြေခံမှစတင်ပြီး ပျော်ရွှင်စွာ လေ့လာနိုင်ရေးတို့ကို ရည်ရွယ်၍ မူလတန်းကလေးများအတွက် အခြေခံပန်းချီသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။