နမ့်ဆန် မတ် ၂၈
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအနေဖြင့် မိဘပြည်သူများအား အသိပညာပေး Talk Show များအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Showတွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မှာ ရက်ပိုင်းအတွင်းမှာ ပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီ ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နှင့်ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ နှာခေါင်းစည်း မတပ်ဆင်သူများနှင့် စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ရန် လူစုလူဝေး ပြုလုပ်ရာနေရာများသို့ ရှောင်ကြဉ်ရန် တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုစက္ကန့် (၂၀)ကြာ ဆပ်ပြာနှင့် စနစ်တကျဆေးရန်နှင့် မိဘပြည်သူများအနေဖြင့် ရောဂါပိုး ကူးစက်ခံရသည်ကို သိရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများတို့နှင့် ဆက်သွယ်၍ ကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါကိုထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် အသိပညာပေးဆွေးနွေးပေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းနှင့် ဦးစီးအရာရှိဒေါ်နန်းထားထားလှိုင်တို့က ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်