သတင်းများ

ဘုရားသုံးဆူမြို့၌ ကိုးဗစ်-၁၉ဗီဇပြောင်း မျိူးကွဲအိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Mar 29,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ၃နာရီခွဲက  ဘုရားသုံးဆူမြို့ မြို့ပေါ်ရှိရပ်ကွက်များ၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွှန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အေရိုးဗစ်သင်တန်းဖွင့်လှစ်သင်ကြား
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ အေရိုးဗစ်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံးတွင် လစဉ်အခမဲ့ကုသပေး
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အာရောဂျတံခွန် မျက်စိအထူးကုဆေးရုံတွင် ဦးဆောင်နာယကဆရာတော်များက မျက်စိဝေဒနာရှင်များအား လစဉ်တိုင်းအခမဲ့ ကုသပေးလျက်ရှိကြောင်း သိရသည်။ ၁၉.၃.၂၀၂၂ ရက်နေ့တွင် (၂၀၄) ဦး စစ်ဆေးကုသပေးလျက်ရှိပြီး၊ ၂၆.၃.၂၀၂၂ ရက်နေ့တွင် (၁၉)ဦး ခွဲစိတ်ကုသပေးပြီးဖြစ်ကြောင်း သိရသည်။ ၂၈.၃.၂၀၂၂ ရက်နေ့တွင် (၁၇၅)ဦး စစ်ဆေးကုသပေးလျက်ရှိပြီး ခွဲစိတ်ရန်ကျန်ရှိသူများကို ၂၉.၃.၂၀၂၂ ရက်နေ့မှစ၍ ဆက်လက်ခွဲစိတ် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
Mar 29,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ဗ/၄၊ ၅၅ x ၅၆ လမ်းကြား၊ ၁၁၃ လမ်း x ၁၁၄ လမ်းကြားတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး  နှိုးဆော်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယနှစ် သူနာပြု၊ သားဖွားဒီပလိုမာသင်တန်းသား/သင်တန်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်တွေ့ဆုံ
Mar 28,2022
ဘားအံသူနာပြုသင်တန်းကျောင်းနှင့် သာဖွားသင်တန်းကျောင်းတို့မှ ဒုတိယနှစ်သူနာပြု-သားဖွားဒီပလိုမာ သင်တန်းကို ပြန်လည်တက်ရောက်ကြမည့် သူနာပြုသင်တန်းသား/သင်တန်းသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်က  ယနေ့နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံသည်။
ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၂/၂၀၂၂) ဖွင့်လှစ်
Mar 28,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်း​ယောင်းမြို့နယ် ဝန်ထမ်း​ပေါင်းစုံသမအသင်းနှင့် ဂျီအီးစီပညာ​ရေး သမအသင်းတို့၏ အရပ်ရပ်ဆိုင်ရာအစည်းအ​​ဝေး ကျင်းပ
Mar 28,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝန်ထမ်း​ပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်နှင့် ဂျီအီးစီ ပညာ​ရေးဝန်ထမ်း သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ​ရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ (MiNi) ဘာဏ္ဍာ​ရေးနှစ် စုစု​ပေါင်း (၁၈) လစာ အတွက် အရပ်ရပ်ဆိုင်ရာအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။