ဝါးခယ်မမြို့နယ်ရုံး အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဝါးခယ်မ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့ နွေရာသီအေရိုးဗစ်သင်တန်းကို (၂၆-၃-၂၀၂၂)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိရာ ယနေ့ (၂၈-၃-၂၀၂၂)ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ စာပွဲတင်တင်းနစ်၊ အေရိုးဗစ်၊ Fitness Dance အားကစားနည်းများပါဝင်ပြီး မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနမှ နည်းပြအားကစားမှူး ဒေါ်ဖြူနှင်းဖွေးကိုယ်တိုင်ဦးဆောင်၍ သင်တန်းသား (၁၅)ဦးအား သင်းတန်းပို့ချကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများကို အားကစားအတတ်ပညာများ၊ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတက်စေရန်နှင့် ကိုယ်လက်ကျန်းမာရေး ကောင်းမွန်စေရန် ရှင်းလင်းပြောကြားပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)