ဘိုကလေး မတ် ၂၈
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၃၁)ရက်နေ့မှစ၍ ဧပြီလ(၉)ရက်နေ့အထိ ဘာသာတွဲများအလိုက် နိုင်ငံတစ်ဝှမ်းလုံး၌ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၁၀)ခုဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
စာစစ်ဌာနများမှာ ဘိုကလေးမြို့ပေါ်ရပ်ကွက်များ၌ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.လ.က(၂) စာစစ်ဌာန(၃)ခုရှိပြီး ကျေးရွာစာစစ်ဌာနများ၌ အ.ထ.က(ဟေမာန်)၊ အ.ထ.က(မြင်းကကုန်း)၊ အ.ထ.က(ကဒုံကနိ)၊ အ.ထ.က(စက်ဆန်း)၊ အ.ထ.က(ပေချောင်းကြီး)၊ အ.ထ.က(ရုပ်ဆိုင်)၊ အ.ထ.က(အောက်လှည်းဆိပ်) စာစစ်ဌာန(၇)ခုရှိကြောင်းနှင့် ဘိုကလေးမြို့နယ်၌ ဘာသာတွဲ အတွဲ(၁) ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၁၁၁၅)ဦး၊ အတွဲ(၂) ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၈၁၁)ဦး၊ အတွဲ(၇)ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၁၀၄)ဦး၊ စုစုပေါင်း (၂၀၃၀)ဦးရှိကြောင်း တာဝန်ရှိသူများထံမှသိရှိရပြီး စာမေးပွဲဖြေဆိုမည့် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ်ပညာရေးမှူးနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြီးကြပ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မိုးစက်