ပိုင်ကျုံမြို့ရှိ စာစစ်ဌာနများ၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာ​မေးပွဲကျင်းပ

ပိုင်ကျုံ  မတ် ၃၁

၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်စာ​မေးပွဲများကို မတ်လ (၃၁)ရက်​နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပလျက်ရှိရာ ပိုင်ကျုံမြို့တွင်လည်း​ကျောင်းသား၊​ကျောင်းသူများ  တည်ငြိမ်​အေးချမ်းစွာ ​ဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ စာစစ်ဌာန​ပေါင်း (၂)ခု ရှိပြီး ​အ.ထ.က‌ ဒေါ်လန်း စာစစ်ဌာနတွင်(  ၅၇)ဦး၊  အ.ထ.က ပိုင်ကျုံစာစစ်ဌာနတွင်(၁၁၉)ဦး၊ ဖြေဆိုသူ​ပေါင်းက (၁၇၆)ဦး ရှိ​ကြောင်း ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးမှ သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိစာစစ်ဌာနများတွင် ​ကျောင်းသား၊​ကျောင်းသူများ​အေးချမ်းစွာဖြစ်ဆိုနိုင် ရန်အတွက် စာစစ်ဌာနများကို ကိုဗစ်-၁၉‌ရောဂါ လမ်းညွှန်းချက်များနှင့်အညီ ​ဆောင်ရွက် ထားရှိမှု၊  အရန်စာ​ဖြေခန်းများထားရှိမှု၊ လုံခြုံစိတ်ချစွာ​ဖြေဆိုနိုင်ရန်အတွက်  မီးသတ်တပ်ဖွဲ့ များ၊  ပရဟိတအသင်းများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများတို့မှ  ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)