မိုင်းပန် မတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) စာစစ်ဌာနတစ်ခုတည်း၌ ယနေ့နံနက် (၉) နာရီအချိန်တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုရာ စာရင်းရှိ (၁၀၆) ဦး၊ ကျောင်းတွင်းဖြေဆို (၆၄) ဦး၊ ပြင်ပဖြေဆို (၄၂) ဦး၊ ပျက်ကွက် (၁၅) ဦး၊ စုစုပေါင်း (၉၁) ဦးမှ အေးချမ်းစွာဖြေဆိုခဲ့ကြောင်းနှင့် ကျောင်းသား ကျောင်းသူများအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းပန်(ပြန်/ဆက်)