ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk  Show ကျင်းပ

ထားဝယ် မတ် ၃၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ သည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းက မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါး နိုင်သမျှ လျော့ပါးစေရေးအတွက် လုပ်ငန်း များတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင် ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာချိန်တွင် ရှာဖွေကယ်ဆယ် ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရောက်ရှိစေရန် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည် တည်ဆောက်ခြင်းနှင့် သဘာဝဘေး အန္တရာယ်ကြောင့်ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများပြည်သူများ၏ စိတ်ရောကိုယ်ပါတက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်မှု သည်လွန်စွာအရေးကြီးကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာ ဝင်းက  သဘာဝ ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ဒုက္ခကြုံတွေ့ရသော ဒုက္ခသည်များအား လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန် ထောက်ပံ့ပေး လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးလျော့နည်း ကြိုတင်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစီးဌာနမှ ချမှတ်ဆောင်ရွက်လျက်ရှိသော မူဝါဒများ၊ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းတာဝန်များ၊ ဘေးသင့်ပြည်သူများကို ထောက်ပံ့ ပေးနေမှုအခြေအနေများနှင့် မိုးကြိုကာလဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်/သိရှိလိုက်နာရမည့် အချက်များအားရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးနိုင်ဝင်းက ရှင်းလင်း ဆွေးနွေး ပြောကြားပေးသော လက်ထောက်ညွှန်ကြားရေးမှူးအား ကျေးဇူးတင်ရှိကြောင်း ဆွေးနွေးပွဲ Talk  Show ကို ဆက်လက်ပြု လုပ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)