သံတောင်ကြီး မတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ဖြင့် ကျေးရွာ အုပ်စု(၃)အုပ် စုရှိကျေးရွာ(၃)ရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သံမိုးတောင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သံမိုးတောင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ်(၁၀)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိသည့်အတွက် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်း ထံကသိရသည်။
နော်နော်မူ