ပျဉ်းမနားမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာ)ဘာသာရပ် စတင်ဖြေဆို

ပျဉ်းမနား  မတ်  ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျည်းမနားမြို့နယ်တွင် ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှ စတင်ကာ စာစစ် ဌာနအလိုက် စတင်ဖြေဆိုကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများအဖြစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ သစ်လေးလုံး အခြေခံပညာအထက်တန်းကျောင်း၊ ညောင် ပင်သာ အခြေခံပညာအထက်တန်းကျောင်းနှင့် သကြားစက် အခြေခံပညာအထက်တန်း ကျောင်းတို့အား စာစစ်ဌာန(၆)ခုသတ်မှတ်၍ဖြေဆိုကြကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမှုအနေဖြင့် စာရင်းပေးသွင်းထားသူ (၂၆၅၁)ဦး၊ ဝင်ရောက်ဖြေဆိုသူ(၂၄၄၁)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၂.၀၈)ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့(မြန်မာစာ)ဘာသာရပ် ဖြေဆိုရာ တွင် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အသီးသီး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များကစနစ်တကျ စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ခန့်ဝင်းကျော်(ပြန်/ဆက်)