သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်
Mar 31,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး သီဟန်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများသည် ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာဘုန်းတော်ကြီးကျောင်း တွင် ယမန်နေ့နံနက် (၉) နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာကို အေးချမ်းစွာဖြေဆိုပြီးစီး
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် ယနေ့ နံနက် (၉:၀၀)နာရီက အ.ထ.က(မိုင်းတုံ)စာစစ်ဌာနတွင် မြန်မာစာဖြေဆိုမှု အေးချမ်းစွာ ပြီးစီးကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှု
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဌာဆိုင်နဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ယ​နေ့ နံနက် (၁၀)နာရီအချိန်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း ယနေ့နံနက်က  စတင်ဖြေဆို လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၅၉၇ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်း
Mar 31,2022
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန အမ်းမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)ကို ယနေ့ နံနက် (၉)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 31,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အတွက် ပြည်သူလူထုနှင့် ကြိုတင်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2022
နယ်စပ်​ရေးရာဝန်ကြီးဌာန၊ ပညာ​ရေးနှင့်​လေ့ကျင့်​ရေးဦးစီးဌာန မွန်ပြည်နယ်၊ ​ရေးမြို့နယ် အမျိုးသမီး အိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်​ကျောင်း၌ အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲကို ယ​နေ့နံနက် ၉ နာရီက အဆိုပါသင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေး ရှောင် မြိုတိုင်းရင်းသားများအား  ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 31,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောက်ပန္ဒူကျေးရွာတွင် လာရောက်နေထိုင်ကြသော စစ်ဘေးရှောင် မြိုတိုင်း ရင်းသားများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကို ယမန်နေ့ ညနေပိုင်းက  ပေးအပ်ခဲ့ကြောင်းသိရသည်။