လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၈၅၂) ဦးမှ စတင်ဖြေဆို

လှိုင်သာယာအနောက်ပိုင်း မတ် ၃၁

လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၈၅၂) ဦးမှ ယနေ့နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိ ​ဖြေဆိုမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၈၅၂) ဦးမှ ဝင်ရောက်ဖြေဆိုပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် စာစစ်ဌာန (၂)ခုဖြစ်သော လှိုင်သာယာ အနောက်.ထ.က (၂)နှင့် အ.ထ.က(၃) ကျောင်းတွင်အတွင်းဖြေ၊ ကျောင်းသား/ကျောင်းသူ (၃၇၆)ဦးနှင့် အပြင်ဖြေ ကျောင်းသား/ သူ(၄၈၆)ဦး စုစုပေါင်း (၈၅၂)  ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် အ.ထ.က ကျောင်း (၈) ကျောင်း၊ အ.ထ.က ခွဲကျောင်း (၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)