မိုးကုတ် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (မြန်မာစာဘာသာရပ်)ကို ယနေ့နံနက် ၉ နာရီက အထက(၁)စာစစ်ဌာနတွင် စတင်ဖြေဆိုခဲ့ရာ စာရင်းရှိဦးရေ ( ၈၉ )ဦးတွင် လာရောက်ဖြေဆိုသူ ( ၇၈ ) ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား(၄)ဦး၊ မ(၇)ဦး စုစုပေါင်း(၁၁ ) ဦးရှိပြီး၈၈.၀၀%ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်မှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ကြက်ခြေနီတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့ဝင်များမှ ပတ်ဝန်းကျင်ဆူညံမှု မရှိစေရေး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပွားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခွာညိုနှင်း(ပြန်/ဆက်)