လားရှိုး မတ် ၃၁
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ စာစစ်ဌာနအသီးသီး၌ မတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရာ လားရှိုးမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ စုစုပေါင်း (၂၀၆၅)ဦး၊ လာရောက်ဖြေဆိုသူ (၁၈၄၅)ဦး တို့ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် လားရှိုးခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် ပညာရေးမှူးရုံး(ရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကြည့်ရှုအားပေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး