ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာစတင်ဖြေဆို

ညောင်လေးပင် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ၂၀၂၂-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြန်မာစာဘာသာရပ်ကို စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုခြင်းကို ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနပေါင်း (၄)ခုဖွင့်လှစ် ထားရှိပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသားကျောင်းသူပေါင်း ဖြေဆိုသူ (၁၄၂၅)ဦးရှိပြီး ယနေ့ ဖြေဆိုသူ(၁၂၉၆)ဦး၊ ပျက်ကွက်သူ(၁၂၉) ဦး ရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်း(၉၀.၉၅%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

နီနီ၀င်း (ပြန်/ဆက်)