ကျိုက်ထို မတ် ၃၁
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာန အသီးသီးတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန ခြောက်ခုရှိပြီး အထက(၁) ကျိုက်ထိုစာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးသွင်းသူပေါင်း ၄၁၄ဦး ရှိသည့်အနက်၊ လာရောက် ဖြေဆိုသူ ၃၇၂ ဦး၊ ပျက်ကွက် ၄၂ ဦး၊ အထက(၂)ကျိုက်ထိုစာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၁၈၄ဦး၊ လာရောက်ဖြေဆိုသူ ၁၇၂ ဦး၊ ပျက်ကွက် ၁၂ဦး၊ အထက(ကျူချောင်) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၉၇ ဦး၊ လာရောက်ဖြေဆိုသူ ၉၁ ဦး၊ ပျက်ကွက် ၆ ဦး၊အထက (ကျိုက္ကသာ) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၉၄ ဦး၊လာရောက်ဖြေဆိုသူ ၉၀ ဦး၊ ပျက်ကွက် ၄ဦး၊ အထက(သိမ်ဇရပ်) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၂၇၀ ဦး၊လာရောက်ဖြေဆိုသူ ၂၄၆ ဦး၊ ပျက်ကွက် ၂၄ ဦး၊အထက(စစ်တောင်း) စာစစ်ဌာန၌ စာရင်းပေးသွင်းသူ ၆၃ ဦး၊ လာရောက်ဖြေဆိုသူ ၅၉ ဦး၊ပျက်ကွက် ၄ ဦး၊ စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၁၁၂၂ ဦး ရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၁၀၃၀ ဦး၊ ပျက်ကွက်သူ ၉၂ ဦးရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ပြန်/ဆက်)