ကသာမြို့နယ်တွင်  ကျောင်းသား/ကျောင်းသူများက ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

ကသာ ဧပြီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား/ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်)ကို ဧပြီလ(၆)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ရာ နေ့လယ်(၁၂)နာရီအချိန်တွင် အဆိုပါဘာသာရပ်များကို ဖြေဆိုပြီးမြောက်ခဲ့၍ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်ကြကြောင်း သိရသည်။

ကသာမြို့နယ်၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိပြီး ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ(၁၃၇)ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ(၄၄၇)ဦး၊ စုစုပေါင်း(၅၈၄)ဦး ဝင်ရောက ်ဖြေဆိုခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျောင်းအတွင်းအပြင် လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင်  စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)