တောင်ကြီး ဧပြီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ၊ တောင်ကြီးခရိုင်၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အိုမီခရွန်ရောဂါအကြောင်း သိကောင်း စရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုး နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းခိုင်တို့က အိုမီခရွန်ရောဂါ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများ၊ ကူးစက် ခံရသူများအနေဖြင့် ခံစားရသော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ခံရသူများအနေဖြင့် ပြုမူနေထိုင်ရမည့်အချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ၏ အိုမီခရွန်ရောဂါအပေါ် အကျိုးသက်ရောက်မှုများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အိုမီခရွန်ရောဂါအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်စေရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi Facebook Page တွင် ပြည့်ပြည့်စုံစုံတင်ဆက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်နိုင်လင်း