မင်းပြားမြို့နယ်အတွင်းရှိ စာစစ်ဌာနအလိုက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မင်းပြား ဧပြီ  ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂  ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ကျောင်းစာစစ်ဌာန အသီးသီး၌ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုကြသည်။

မင်းပြားမြို့နယ်အတွင်း အထက(၁)မင်းပြား စာစစ်ဌာန၊ အထက(၂) မင်းပြားစာစစ်ဌာန၊  အထက(၃) မင်းပြားစာစစ်ဌာန၊ မူလွန်-မင်းဘာကြီး(မင်းပြား)စာစစ်ဌာန၊  မူလွန်-ကင်းဆိပ်(မင်းပြား)စာစစ်ဌာန၊ အထက-ကမ်းနီ(မင်းပြား)စာစစ်ဌာန၊ အထက-ပန်းမြောင်း(မင်းပြား)စာစစ်ဌာန၊ အထက-မင်းရွာ (မင်းပြား)စာစစ်ဌာန(၈)ခုရှိရာတွင် ဖြေဆို ကျောင်းသား၊ ကျောင်းသူကျား(၁၁၄၉)ဦး၊ မ(၁၅၁၇)ဦး၊ စုစုပေါင်း (၂၆၆၆) ဦးရှိပြီး အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ဆရာ၊ ဆရာမကြီးများ၊ တာဝန်ကျ ဆရာ၊ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား၊  ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် ကြပ်မတ်ကြီးကြပ် ကူညီပံ့ပိုး ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်