ဇီးကုန်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခု၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ဘာသာတွဲ(၁)နှင့်(၂)တွင် ဘောဂဗေဒဘာသာအား အ.ထ.က(ဇီးကုန်း)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ (၃၁၃)ဦးတွင် (၂၇၈)ဦး၊ အ.ထ.က(မြို့မ) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ(၂၃၅)ဦးတွင် (၂၃၀)ဦး၊ အ.ထ.က (လေးမျက်နှာ) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ(၁၃၄)ဦးတွင် (၁၂၂)ဦး၊ စုစုပေါင်း(၆၃၀)ဦး ဝင်ရောက်ဖြေဆိုပြီး ၉၂.၃၇ ရာခိုင်နှုန်း ဖြေဆိုကြောင်းနှင့် ဘာသာတွဲ(၇)ဇီဝဗေဒဘာသာအား အ.ထ.က(ဇီးကုန်း)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ(၉၃)ဦးတွင် (၈၆)ဦး၊ အ.ထ.က(မြို့မ) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ(၂၆)ဦးတွင် (၂၅) ဦး၊ အ.ထ.က(လေးမျက်နှာ) စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသားကျောင်းသူ(၇)ဦးတွင် (၇)ဦး၊ စုစုပေါင်း(၁၁၈)ဦး ဝင်ရောက် ဖြေဆိုပြီး ၉၃.၆၅ ရာခိုင် နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ