ညောင်တုန်းမြို့နယ်တွင် နွေရာသီအ‌ခြေခံအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ညောင်တုန်း ဧပြီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဘောလုံး၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကြက်တောင်စသည့် နွေရာသီ အခြေခံအားကစားသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများအား ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေအပ်ခဲ့ကြသည်။

ထို့နောက် နွေရာသီကြက်တောင်သင်တန်းမှ သင်တန်းသား(၂)ဦးက သရုပ်ပြစကားခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)