တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို

တောင်တွင်းကြီး ဧပြီ ၆

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာစာစစ်ဌာန ၄ ခု တွင် ကျောင်းသားကျောင်းသူ (၁၆၄၂) ဦး စာရင်းပေးသွင်းထားပြီး ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၅၆၈ ) ဦး၊ ဖြေဆိုမှု ရာခိုင်နှုန်း (၉၂.၉၆) ရာခိုင် နှုန်း နှင့် ဘောဂဗေဒဘာ သာရပ် ၌ ဖြေဆိုသူ (၉၃၃)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၅၀၁) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသဖြင့် ၉၀.၄၉ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

နိုင်ဝင်း (ပြန်/ဆက်)