သတင်းများ

ဖာပွန်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် “ကျန်းမာခြင်း၏အလိုအပ်ဆုံးအရာ” စာအုပ်ဖြင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်း ကျင်းပ
Apr 06,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၁ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူ များအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးကျင်းပခဲ့သည်။
ပဲခူးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာကို အေးချမ်းစွာ ဖြေဆိုပြီးစီး
Apr 06,2022
ပဲခူးတိုင်းဒေသကြီ ပဲခူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာနှင့်ဘောဂဗေဒဘာသာရပ်များကို ယနေ့နေ့လယ် ၁၂ နာရီက မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒိုက်ဦးမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်စာမေးပွဲ ဆက်လက်ဖြေဆို
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဖောင်တော်သီ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ဇီဝဗေဒဘာသာရပ်အတွင်းဖြေ (၁၂၁)ဦး၊ အလွတ်ဖြေ (၂၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၄၆)ဦး ဝင်ရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုမှာ ၉၃.၅၉ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ် အတွင်းဖြေ (၂၇၂)ဦး၊ အလွတ်ဖြေ (၉၂)ဦး စုစုပေါင်း (၃၆၄)ဦး ဖြေဆိုမှု ၉၁.၆၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ရာနှုန်းပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျေးရွာများအရောက် လိုက်လံစီစစ်ကြပ်မတ်၍ ဆေးထိုးနှံပေး
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကရင်စုအုပ်စု၊ ရွာသာယာအုပ်စု၊ ဘူးဘက်အုပ်စု၊ ညောင်ခြေထောက်အုပ်စု၊ ဖောင်းကန်ရပ်ကွက်၊ စမ်းဝအုပ်စု၊ မြောင်အုပ်စု၊ ထုံးဘိုအုပ်စုတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှလွဲ၍ ဆေးထိုးရန်ကျန်ရှိ အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ်ဆေးထိုးနှံပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ ထိုးနှံပေးလျှက်ရှိသည်။
ရှေးဦးသူနာပြုစုနည်း (ရက်တို) သင်တန်း  ကျွန်းစုမြို့၌ ဖွင့်လှစ်
Apr 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်နိုင် စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျွန်းစုမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန မှာဖွင့်လှစ်လျက်ရှိသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အားလုံးကို ဖြေဆို ပြီးစီး
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဖြေဆိုရာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ် အားလုံးကို အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ၊ ဆဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာ ရပ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများသည်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ဇိဝဗေဒဘာသာရပ်တွင် ကျောင်းသား (၁၇၅)ဦး၊ ကျောင်းသူ(၂၁၁)ဦး စုစုပေါင်း(၃၈၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
သဲကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမ မြောက်နေ့ဖြေဆိုပြီးစီးသော ကျောင်းသား/သူများအား အချိုရည်နှင့်မုန့်များဝေငှ
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမ​မြောက်နေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ဧပြီ ၆ ရက်နေ့တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုပြီးစီး၍ ပျော်ရွှင်လျက်ရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့က အချိုရည်နှင့်မုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။