သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သဲကုန်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက မြန်မာရိုးရာ နှစ်သစ်ကူး ပွဲတော်ကျင်းပမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဗဟိုမဏ္ဍပ် တည်ဆောက်မည့် အစီအစဉ်၊ ရန်ပုံငွေရရှိမှု၊ ဖွင့်ပွဲပိတ်ပွဲအစီအစဉ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် သံဃာ‌တော်များက မြို့တွင်းအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နိုင်ရန်နှင့် သက်ကြီးဘိုးဘွားကန်တော့နိုင်ရန် စီစဉ်ဆောင်ရွက် နိုင်ရေးတို့ကို ဆေွးနွေးခဲ့ရာ တာဝန်ရှိသူများမှ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်