မိုင်းငေါ့ ဧပြီ ၇
ရှမ်းပြည်နယ် (မြောက်င်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ပါသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် မိုင်းငေါ့မြို့ မန်လုံရပ်ကွက်၊ ဈေးရပ်ကွက်ရှိမွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးငယ်(၁၄)ဦးအား တိုက်နယ် ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ(B)ပိုး ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်းဦးနှောက်ရောင်ရောဂါ(၁၁)မျိုးနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)
ရှမ်းမြောက်