ပန်းတောင်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ အေရိုးဗစ်သင်တန်းကို ယမန်နေ့ ၁ နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစား သမားများ ပေါ်ထွက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများကို အားကစားအတတ်ပညာများနှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချ တက်စေရန်ရည်ရွယ်၍ အေရိုးဗစ်သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)