မြင်းခြံ ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က နွေရာသီစစ်တုရင်(အလွတ်တန်း) ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စစ်တုရင်(အလွတ်တန်း)ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံမြို့နယ်အတွင်းမှ စစ်တုရင်ကစားများ စတင် ကစား ခဲ့ကြပြီး ဝင်ရောက်ကစားသူ(၈) ဦး ဝင်ရောက် ဆော့ကစားခဲ့ကြသည်။ နွေရာသီ စစ်တုရင် (အလွတ် တန်း)ဆုပေးပွဲကို ဧပြီလ ၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)