နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၂၂ )ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ

နောင်ချို ဧပြီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်း အသင်း၏ (၄၈၂၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်းအသင်းကို ၁၆-၈-၂၀၀၆ တွင် စတင်တည်ထောင်ခဲ့ပြီး မြို့တွင်း ဘုန်းတော်ကြီးကျောင်းခုနှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ် လောင်းလှူ လျက်ရှိကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် အကြိမ်ရေ ၄၈၂၂ ကြိမ် လောင်းလှူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် စျေးရပ်ကွက်နေ ဦးမင်းသူရ+ဒေါ်ဖြူဖြူထွေးတို့၏သား မောင်ရဲမင်းခန့် ၁၈နှစ်ပြည့်မွေးနေ့အလှူနှင့် မြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။

အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃာ့ဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ  နေ့စဉ်မပြတ် မိမိတို့အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများ မှလည်း ပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက် ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။

 

ထွေးငယ်၊ ပြန်/ဆက်