ပြင်ဦးလွင် ဧပြီ ၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုသည် ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးထားမှု အခြေအနေများကို လိုက်ပါရှင်းလင်းပြသရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက် )