တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ(ပထဝီဝင်) ဘာသာအား စာစစ်ဌာန(၂)ခုတွင် (၁၇)ဦးတို့က ဆက်လက်ဖြေဆို

တနင်္သာရီ  ဧပြီလ ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ရက်နေ့မှ စတင်၍ အေးချမ်းစွာဖြေဆို လျက်ရှိကြရာ ယနေ့ ဧပြီလ ၇ရက်နေ့တွင် သတ္တမမြောက်နေ့အဖြစ် အထက-တနင်္သာ ရီနှင့် အထက-ညောင်ပင်ကွင်း စာစစ်ဌာန (၂)ခုအတွင်း အတွဲ(၂) (ပထဝီဝင်)ဘာသာအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများနှင့်အညီ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

တနင်္သာရီမြို့နယ် အထက-တနင်္သာရီနှင့် အထက-ညောင်ပင်ကွင်း..စာစစ်ဌာန(၂)ခု တွင် ယနေ့ (ပထဝီဝင်)ဘာသာ၌ ဖြေဆိုရန် (၂၂)ဦး စာရင်းရှိသည့်အနက် (၁၇)ဦးလာရောက် ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၇၇.၂၇)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

၎င်းတက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးဆောင် အဖွဲ့ဝင်များနှင့် ကျောင်းကော်မတီအဖွဲ့များကစာစစ်ဌာနအလိုက် အပြင်စည်းမှလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)