ပိုင်ကျုံမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ (ပထဝီဝင်) ဘာသာရပ် ဆက်လက်ဖြေဆို

ပိုင်ကျုံ  ဧပြီလ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စာ‌ဖြေဌာနအသီးသီးတွင် ယနေ့နံနက်၉နာရီ အချိန်တွင် သက်ဆိုင်ရာစာ‌ဖြေဌာနအသီးသီး၌ (ပထဝီဝင်) ဘာသာရပ်ကို စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့မြို့နယ်အတွင်း၌ ယခင်နှစ်များက စာဖြေဌာန(၄)ခုရှိပြီး၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ကျောင်းသားဦးရေလျှော့နည်းခြင်းကြောင့် စာ‌ဖြေဌာန(၂)ခုသာပြန်လည်ထားရှိကြောင်း၊ အ.ထ.က-ပိုင်ကျုံ စာ‌ဖြေဌာန ၌ပထဝီဝင်ဘာသာရပ်ကိုဖြေဆိုသူ ၁ ဦး နှင့် အ.ထ.က- ဒေါ်လန်းစာစစ်ဌာနတွင်  ဖြေဆိုသူ  ၂ ဦး ရှိကြောင်း၊  ပိုင်ကျုံမြို့အနေဖြင့်‌ ကျောင်းသား ကျောင်းသူ စုစုပေါင်းဖြေဆိုသူ ၂၀ ဦးရှိကြောင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ   စာစစ်ဌာနအသီးသီးတွင်  ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပိုင်ကျုံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့မှ ဦးဆောင်မှုဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများတို့မှ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)