ညောင်ဦး ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ဧပြီ၇ရက်၊နံနက် ၁၀နာရီအချိန်က သောက်သုံး ရေဂါလံ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းထံက သိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် စံပြကျေးရွာနှင့် တဲဘုံမတဲတိုက်သို့ သောက်သုံးရေဂါလံ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက် ရှိသောတဲတိုက်များ၊ ကျေးရွာများ အတွက် ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှလှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် တဲဘုံမတဲတိုက်အတွက် ၁၆၀၀ဂါလံနှင့် စံပြကျေးရွာအတွက် ရေဂါလံ၁၆၀၀လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ၁၂၇၀၆၀ဂါလံ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တဲဘုံမတဲတိုက်တွင် အိမ်ခြေ ၄၁အိမ် ရှိပြီး လူဦးရေ ၁၅၀ကျော် နေထိုင်ကြောင်း သိရသည်။
ကိုထိန်၊KPD