ကလိန်အောင် ဧပြီ ၇
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာခိုင်းနှုန်းပြည့် ထိုးနှံရေးအတွက် Mobile စနစ်ဖြင့် အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်တွင် Mobile စနစ်ဖြင့် ကလိန်အောင်မြို့ အဝင်/အထွက် ကလိန်အောင်တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူ(၄၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ (၂ဝ)ဦးနှင့် နို့တိုက်မိခင် (၁၀)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင်(၅)ဦး စုစုပေါင်း (၇၅)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့