ဝါးခယ်မ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ ည ၆ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများခင်များ ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မိမိနေအိမ်အတွင်း တပ်ဆင်ထားသော လျှပ်စစ်ကြိုး များ၊ ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ သစ်ပင်သစ်ကိုင်းများနှင့် တွယ်ညှိနေသော ဝါယာကြိုးများကို ဖယ်ရှားဆောင်ရွက်ရန်၊ မိမိနေအိမ်အတွင်း မီးလောင်လွယ်သည့် ဓာတ်ဆီ၊ ဒီဇယ်၊ လောင်စာဆီများကို သိုလှောင်မထားရန်၊ မိမိပတ်ဝန်းကျင်ရှိ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်၊ ဖယောင်းတိုင် မီး လျှပ်စစ်မီးများကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မိမိနေအိမ်အတွင်း မီးချိတ်မီးကပ်များ၊ သဲအိတ်ရေအိတ် များကို စနစ်တကျ ထားရှိရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)