ဟိုပုံး ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နွေရာသီ ကျောင်း ပိတ်ရက် အားလပ်ချိန်တွင် ကလေးလူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ပေးကြောင်းသိရ သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းမှ ပြောကြားရာတွင် နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေအဆင့်ရုံး ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးမှ စစ်တုရင်ပြိုင်ပွဲတွင် တတိယဆုရှိသော မောင်လင်းထက်နိုင်ကိုလည်းကောင်း၊ စစ်တုရင်သင်တန်းနည်းပြဆရာက ဒုတိယဆုရရှိသော မောင်ဟိန်းယံထိုက်ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ဉာဏ်ထက်ဇာဏီကိုလည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)