ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက Book Club အဖွဲ့ဝင်များမှ ဦးဆောင်၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ "ငုပ်မိသဲတိုင် တတ်နိုင်ဖျားရောက်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြသည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ "ငုပ်မိသဲတိုင် တတ်နိုင်ဖျားရောက်" စာအုပ်မှ ကဏ္ဍအလိုက် ရေးသားဖော်ပြထားပုံ၊ အသိပညာပေးထားမှု ကိုဆွေးနွေးခဲ့ပြီး၊ တတ်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက ကဏ္ဍတစ်ခုချင်းစီအလိုက် မိမိတို့၏သဘောထားအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လစဉ်အသိပညာပေး ကဏ္ဍများကို တင်ဆက်ပေးလျက်ရှိရာ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ စသည့် ပြည်သူများ ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)