သတင်းများ

ကျိုက်မရော၌ မီးဘေးအန္တရာယ်လုံခြုံရေး ဌာနဆိုင်ရာရုံးများ၌ ဇာတ်တိုက်လေ့ကျင့်
Apr 28,2022
ကျိုက်မရောမြို့နယ်တွင် နွေရာသီမီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာရုံးများ၌ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်းဆောင်ရွက်
Apr 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့်မီရေး အိမ်တိုင်ရာရောက် ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လဲချားမြို့တွင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Apr 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်
မိုးညှင်းခရိုင်၌ ၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 28,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၂–၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပလောက်မြို့၊ ကလေးစာဖတ်ခန်းတွင် ရောင်စုံစက္ကူလေးများဖြင့် ဆီမီးခွက်ပြုလုပ်နည်း သင်ကြားပေး
Apr 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင်  ရောင်စုံစက္ကူလေးများဖြင့် ဆီမီးခွက်ပြုလုပ်နည်းကို ယနေ့မွန်းလွဲပိုင်းအချိန်က သင်ကြားပေးခဲ့သည်။
ဝေါမြို့နယ်၌ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
Apr 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဝေါမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ဆွမ်းဆန်၊ ဆီနှင့် နှာခေါင်းစည်း (Mask) ဆပ်ကပ်လှူဒါန်း
Apr 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ စာပေသင်ကြားနေသော (စာဝါလိုက်) သံဃာတော်များ ဆွမ်း၊ ဘောဇဉ် ပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းမိသားစုများမှ ယနေ့ နံနက် ၁၀ နာရီတွင် ဆွမ်းဆန်၊ ဆီနှင့် နှာခေါင်းစည်း (Mask) ဆပ်ကပ်လှူဒါန်းခဲ့သည်။