သတင်းများ

ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီနှင့်ဆောင်းရာသီ နေကြာသီးနှံနှင့်ဝါသီးနှံ စိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နေကြာသီးနှံ ၆၃၅၉ ဧကနှင့် ဝါသီးနှံ၃၅၀၀ ဧက စိုက်ပျိုးမည်
Apr 28,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီနှင့်ဆောင်းရာသီ နေကြာသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားစေရေးအတွက် နေကြာသီးနှံ ၆၃၅၉ ဧကနှင့် ဝါသီးနှံ ၃၅၀၀ ဧကကိုလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် ဆင်းသုခ(RS)မျိုးစပါးများ ဖြန့်ဝေပေး
Apr 28,2022
စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များနှင့် ဆင်းသုခမျိုးစပါးများ ဖြန့်ဝေပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်ခန့်က အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဒုမပါရမီတောရတွင် တည်ဆောက်မည့် သိမ်တော် သိမ်နုတ်၊ သိမ်သမုတ်ပွဲအခမ်းအနားကျင်းပ
Apr 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ခြောက်ကောင် ကျေးရွာရှိ ပဒုမပါရမီတောရတွင် တည်ဆောက်မည့် သိမ်တော်သိမ်နုတ်၊ သိမ်သမုတ်ပွဲကို ယနေ့ နံနက် ၆ နာရီက သိမ်တော်တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေး
Apr 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နေ့စဉ်ရပ်ကွက်ကျေးရွာများ အရောက် ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်း
Apr 28,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က လေပြင်း တိုက်ခိုက်မှုကြောင့်  မြို့မရပ်ကွက်အတွင်းရှိ မန်ကျည်းပင်ပြိုလဲ၍ ဓါတ်တိုင်နှင့် ဖုန်းတိုင်များပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 28,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စုပေါင်းရုံးရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် မြို့ပြနှင့် ကျေးလက်ကွာခြားမှုမရှိစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မား ပြီး စီးပွာရေးခိုင်မာအားကောင်းသော ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေး စီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော၌ မီးဘေးအန္တရာယ်လုံခြုံရေး ဌာနဆိုင်ရာရုံးများ၌ ဇာတ်တိုက်လေ့ကျင့်
Apr 28,2022
ကျိုက်မရောမြို့နယ်တွင် နွေရာသီမီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာရုံးများ၌ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ပြုလုပ်ခဲ့သည်။