သတင်းများ

မြောင်းမြ လူထုအခြေပြုဗဟိုဌာန၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး Talk Show ပြုလုပ်
Apr 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အများပြည်သူများ ဗဟုသုတပိုမိုတိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များ သိရှိစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် (Community Centre) ခန်းမ၌ အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ
Apr 28,2022
လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အားကစား စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်း ရတနာ များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍
ငါန်းဇွန်မြို့တွင် (၃၉) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Apr 28,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှစ၍ (၁၁)ရက်တိုင်တိုင် (၃၉)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ပူဇော်ပွဲကျင်းပခဲ့ရာ ယမန်နေ့ ညနေ ၃နာရီအချိန်က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများအတွက် နွေရာသီ အခြေခံပန်းချီပညာသင်တန်း စတင်ဖွင့်လှစ်
Apr 28,2022
အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများ အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ ပန်းချီပညာကို လေ့တာသင်ယူတတ်မြောက်စေရန်၊ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှု၊ တွေးခေါ် မျှော်မြင်မှု ရင့်သန်တိုးတက်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီပညာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။
ထီးချိုင့်မြို့နယ်၊ ဆားတွင်းကျေးရွာတွင် ကွန်ပျူတာပညာဒါန သင်တန်းဆင်းပွဲကျင်းပ
Apr 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ဆားတွင်းကျေးရွာတွင် ကွန်ပျူတာ ပညာဒါန သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆားတွင်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးအတွက်
ဒေါပုံမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် အခြေခံရှေးဦးသူနာပြုနည်းသင်တန်းဆင်းပွဲကျင်းပ
Apr 28,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးသူနာပြုနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။