သဲကုန်းမြို့နယ် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းပြည့်မီရေး အိမ်တိုင်ရာရောက် ကျေးရွာအရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

သဲကုန်းမြို့နယ် ပုတီးကုန်း အင်းမ၊ ဆင်မြီးဆွဲ  မြို့ပေါ်စုရပ်များအပြင် ကျေးရွာအုပ်စုတွေအရောက် လိုက်လံထိုးနှံပေးလျက်ရှိရာ ဧပြီလ ၂၈ရက်နေ့တွင် အသက်(၁၅)နှစ်မှ (၁၈) နှစ်အထိ ပထမအကြိမ် Sinovac ကာကွယ်ဆေး (၁၀၄)ဦး၊ ၁၈နှစ်အထက် ပြည်သူ(၁၂၈၆)ဦး၊ ဒုတိယအကြိမ်(၅၄၄)ဦး၊ Booster(၄၉၈)ဦး ထိုးနှံပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် ယမန်နေ့ကအထိ ပထမအကြိမ်ကာကွယ် ဆေးထိုးပြီးသူ (၉၀၉၀၀)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ (၇၇၄၂၂)ဦး၊ Booster ထိုးပြီးသူ (၈၁၇၄)ဦး၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ ကာကွယ်ဆေးထိုးပြီးသူ (၁၃၂၆)ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူ၍ အိမ်တိုင်ရာရောက်၊ ကျေးရွာအရောက် ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိမှု အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား စည်းရုံးဆောင်ရွက်၍ ကာကွယ်ဆေးထိုးနှံမှုကို ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး တို့က ကြည့်ရှုအားခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး