သတင်းများ

ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာတွင် ရော်ဘာမိုးကာအုပ်အစေးခြစ်ခြင်း တောင်သူပညာပေးပွဲ ကျင်းပ
Apr 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ ရော်ဘာမိုးကာအုပ်အစေးခြစ်ခြင်း တောင်သူပညာပေးပွဲကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က ဆင်ထိုးကြီးကျေးရွာ၊ ရော်ဘာခြံပိုင်ရှင် ဦးမင်းကျော်မွန် ကွင်းအမှတ်(၂.O.S.S) (ဆင်ထိုးအနောက်ကြေးတိုင် ပြင်ကွင်း)၊ ဦးပိုင်အမှတ်(၂၃/၂) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့တွင်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းဆောင်ရွက်
Apr 28,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့တွင်(MobileLibrary)စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က နမ္မဝေါရပ်ကွက်တွင်တရုတ်စာသင်ယူနေသော သားငယ်သမီးငယ်များထံသို့ သွားရောက်ဌားရမ်းပေးခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 28,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးပေးနိုင်မှု ၂၄၇၀၅၁ ဦး ထိုးပေးနိုင်ပြီဖြစ်
Apr 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ဧပြီ ၂၈ရက်၊ နံနက်ပိုင်း အချိန်ထိ (၂၄၇၀၅၁)ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ
Apr 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံကိုလည်း တင်ပြပေးလိုက်ပါတယ်။
နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပုံပြင်စာအုပ်ဖတ်ရှုခြင်း၊ အရုပ်ဆက်ခြင်းများ လာရောက်ဆောင်ရွက်
Apr 28,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့် တိုက်သို့ စာပေလေ့လာဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်းတွင် အရုပ်ဆက်ခြင်း၊ ပုံပြင်စာအုပ် လာရောက်ဖတ်ရှုသူများရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် Community Centre ခန်းမ၌ အေရိုးဗစ်သရုပ်ပြပွဲ ဆောင်ရွက်
Apr 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community- Centre) ခန်းမတွင် အေရိုးဗစ်သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြို့မတောင်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုကို ထောက်ပံ့ငွေပေးအပ်
Apr 28,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်ခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးခန်းတွင် ဧပြီ ၂၈ ရက်၊ နံနက် ၉နာရီ အချိန်က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။