ကျိုက်မရော ဧပြီ ၂၈
ကျိုက်မရောမြို့နယ်တွင် နွေရာသီမီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်း လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်သောင်းဦးနှင့် တပ်ဖွဲ့ဝင်များက အဆိုပါရုံးဌာနရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြုပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြပေးခြင်း၊ မီးဘေးအန္တရာယ်နှင့် ကြုံရပါက ချက်ချင်းမီးငြိမ်းသတ် နိုင်စေရန်အတွက် မီးငြိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြပေး ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)