လဲချား ဧပြီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center) လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လဲချားမြို့ စာပေဝါသနာရှင်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသည့်သား လူငယ်နဲ့ အခွင့်အလမ်း စာအုပ်ဖြင့် ယနေ့နံနက်(ဝ၉:၀၀)နာရီတွင် စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေ က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင် ဦးမျိုးဆွေ က လူငယ်နှင့်အခွင့်အလမ်း၊ ကံ ကံရဲ့အကျိုး၊ သက်ကြီးစကား၊ အဆိုးနဲ့အကောင်း၊ လူ့တန်ဖိုး၊ လူထဲကလူအတူတူမဟုတ်၊ အောင်မြင်မှုရယူခြင်း၊ ဘဝထဲက သင်ခန်းစာ ခေါင်းစဉ်များအားလည်းကောင်း၊ အလယ်တန်းပြ ဆရာမဒေါ်ရွှေဝတ်မှုန် က အမာရွတ်နှင့်ပတ်တီးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေဝါသနာရှင် မအေးမိစံ က ရင်ထဲရှိသမျှခေါင်းစဉ်ဖြင့် လည်းကောင်း၊ တက်ရောက်လာသူများမှ မိမိတို့၏ သဘောထားအမြင်များကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်