စမ်းချောင်း ဧပြီ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အ-ထ-က(၁)ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံသူ(၁၀)ဦးအား Sinovas ထိုးနှံပေးခြင်းနှင့် အသက်(၁၈)နှစ်အထက် ကိုဗစ်ရောဂါကာကွယ် ဆေးမထိုးနှံရသေးသူများအား ပထမအကြိမ်(Astra Zeneca)ထိုးနှံသူ(၂၀)ဦး၊ ဒုတိယအကြိမ်(Covishield) ထိုးနှံသူ(၃၃)ဦးနှင့် တတိယအကြိမ် (Astra Zeneca) ထိုးနှံသူ (၁၈၀)ဦး စုစုပေါင်းကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံသူ (၂၄၃)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရ ပါသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာ မရှိစေရေးအတွက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့်တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ငြိမ်းချမ်းဝင်း