ပလောက် ဧပြီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ရောင်စုံစက္ကူလေးများဖြင့် ဆီမီးခွက်ပြုလုပ်နည်းကို ယနေ့မွန်းလွဲပိုင်းအချိန်က သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ရောင်စုံစက္ကူလေးများဖြင့် ဆီမီးခွက်ပြုလုပ်နည်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဌေးက နွေရာသီကျောင်းပိတ်ရက်များ၌ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်နှင့် အားလပ်ရက်များတွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရောင်စုံကာလာစာရွက်များ အသုံးပြု၍ ဆီမီးခွက်များပြုလုပ်တတ်စေရန်၊ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာတိုးပွားလာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)