သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Apr 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး တွင် မျက်စိစမ်းသပ် ခွဲစိတ်ကုသခြင်း(အခမဲ့)ကို ၂၀၂၂ခုနှစ်မေလ၂၄ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့မွန်းလွှဲပိုင်းက မန္တလေးမြို့ သီပေါအသင်းမှ မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးနိုင်ရန်အတွက် အသင်းရန်ပုံငွေမှ မတည်ရန်ပုံငွေကျပ်(၁၀)သိန်း၊ အသင်းဝင် သီပေါသူ၊ သီပေါသားများမှ တစ်ဦးချင်းလှူဒါန်းမှု ငွေကျပ် (၅၈.၇)သိန်းနှင့် စုစုပေါင်းလှူဒါန်းငွေ (၆၈.၇)သိန်းကျပ်ကို မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော်နှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ထိန်းသိမ်းရေးအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။