သတင်းများ

မြဝတီမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကျင်းပ
May 03,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား၊BCF ဇုန်ဝင်းအတွင်းရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မေလ ၁ ရက်နေ့ ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်၌  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
May 03,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ    ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့် ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ပိုင်ကျုံမြို့အမှတ်(၄)ရပ်ကွက်၌ ဒုတိယအကြိမ်  ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူ (၄၄)ဦး အားယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံ‌ ပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်ပြည်သူ့‌ ဆေးရုံ၌က‌လေးအမွှာ မွေးဖွားသူအမျိုးသမီးအား အမျိုးသမီး‌ရေးရာအဖွဲ့မှ အလှူငွေနှင့်အဟာရများ ထောက်ပံ့
May 03,2022
ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြည်သူ့‌ဆေးရုံတွင်က‌လေးအမွှာ မွေးဖွားသူအမျိုးသမီးအား အမျိုးသမီး‌ရေးရာအဖွဲ့မှ အလှူငွေနှင့်အာဟာရများကို ယနေ့  နံနက် ပိုင်း အချိန်ကထောက်ပံ့ပေးခဲ့သည်။
သပိတ်ကျင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 03,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနာပြုလုပ်ခဲ့ကြောင်းသိရသည်။
ဓနုဖြူ၌ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးလန်၊ ပြိုကျခြင်းများ ဖြစ်ပွား
May 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ နံနက်(၇)နာရီ ခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၇)အုပ်စုအတွင်းရှိ ကျေးရွာ(၁၅)ရွာတွင် နေအိမ်၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။
မလှိုင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းမျက်နှာကျက်၊ လူနေအိမ်သွပ်မိုးနှင့် ဒိုင်း၊ မြှားတန်းများ ပျက်စီးဆုံးရှုံးခဲ့အပေါ် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
May 03,2022
မလှိုင်မြို့နယ်၊ ဝမ္ဘဲလူးကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာရေးထူးချွန်ကျောင်း (စံပြကျောင်း) ဆုပေးပွဲ အခမ်းအနားကျင်းပ
May 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးထူးချွန်ကျောင်း(စံပြကျောင်း) ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်
May 03,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရုံးဝန်ထမ်းများ ကွန်ပျူတာဖြင့်ရုံးလုပ်ငန်းများ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် ကွန်ပျူတာ အခြေခံသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။