မြဝတီမြို့၌ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကျင်းပ

မြဝတီ  မေ  ၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတား၊BCF ဇုန်ဝင်းအတွင်းရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မေလ ၁ ရက်နေ့ ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်မှ ဖတ်ကြားသည်။

ထို့နောက် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်စိုးက အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လုပ်သားထူးချွန်ဆုရရှိကြသည့် အလုပ်သမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးသည်။

ထိန်လင်းအောင်(ပြန်/ဆက်)