မိုင်းတုံ မေ ၃
ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင်ကလေးအမွှာ မွေးဖွားသူအမျိုးသမီးအား အမျိုးသမီးရေးရာအဖွဲ့မှ အလှူငွေနှင့်အာဟာရများကို ယနေ့ နံနက် ပိုင်း အချိန်ကထောက်ပံ့ပေးခဲ့သည်။
ယင်ထောက်ပံ့ပေးမှုတွင် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့က ကလေးအမွှာ မွေးဖွားသူ အမျိုးသမီးကိုငွေသား(၂၀၀၀ဝိ)ကျပ်၊ ကြက်ဥတစ်ကဒ်၊ မုန့်ပုံး(၁)ပုံး၊ အိုဗာဒင်း(၁)ဗူး၊ ပိတ်အနှီး(၂)စုံတို့ကို ထောက်ပံ့ခဲ့ပြီးကျန်းမာရေးအခြေအနေများ မေးမြန်းခဲ့ပြီးလိုအပ်တာများ ရှိပါကဆက်သွယ်လို့ရကြောင်းနှင့် တတ်နိုင်သမျှ ကူညီပေးမယ်ဖြစ်ကြောင်း အမျိုးသမီးရေးရာ ဥက္ကဋ္ဌထံမှ သိရှိရသည်။
(ဝင်းဝင်းခိုင်)မိုင်းတုံ၊ပြန်/ဆက်