သပိတ်ကျင်း မေ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနာပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ် ရေးမှူး) ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ သပိတ်ကျင်းမြို့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို ရေးဆွဲရာတွင် မိမိတို့၏ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့် မဟာဗျုဟာများအပေါ် အခြေခံပြီး စီးပွားရေး မူဝါဒရည်မှန်းချက်များအတိုင်း အကောင် အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက် ရောက်လာသော ဌာနဆိုင်ရာများမှ စီမံကိန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးအပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)